Friday, 2 May 2014

စက်ဝိုင်း


သံသ၇ာဆိုတာစက်ဝိုင်းတဲ့ 
လည်နေသ၇ွဲ့ ခံလိုက်အုံးပေါ့ 
သူငယ်ချင်းစဉ်းစားလိုက်
ငါဘာတွေလုပ်ခဲ့ လဲ
ဝဠ်ကြွေးရှိရင်ဆပ်ခဲ့ 
မြေကြီးကိုကပ်နမ်းနေ၇လား
ရှိပစေ ဘာပဲဖြစ်ဖြစ်
တစ်နေ့ ကမ္ဘာကြီးကို
တက်ခွ ကိုင်ဆောင့် ပြစ်လိုက်

ခုပက်လက်မြောနေလား
နောက်ဆို
ကိုယ်မျောနေခဲ့ တဲ့ ခွက်ကိုကိုင်
သူတို့ ရဲ့ မျက်နှာပြန်ပက်လိုက်စမ်း
ပလက်ဖောင်းခေါင်းအုံး
ရတယ်လေ
တစ်နေ့ စိန်ပုံပေါ်ရောက်မှာ
အဲဒီခါကြ
ငါအုံးခဲ့ တဲ့ ပလက်ဖေါင်း
စိန်စီပြီးမီးရှိပြမယ်
ခုမင်းရင်ထဲမှာ
မိုးချိန်းနေတယ်
နောင်တစ်ချိန်
လေချွန်နေစေရမယ်
ဘာလုပ်ရမလဲ
မျော်လင့်ချက်တဲ့ 
ဆိတ်ဟိုဒင်း
ခွေးမျော် မျော်မနေနဲ့ 
ကောက်နမ်းစရာ
ကောက်နမ်းပလိုက်
မြောစရာရှိမြောပလိုက်
လုပ်နေဖို့ ပဲ လိုတာ

မိုးမြင့် မောင်မောင်

No comments:

Post a Comment