Friday, 2 May 2014

လက်ထပ်တော့ မယ်

“စာကြွင်း သတိထား”

လူပျိုလေးတစ်ယောက် မိန်းမယူရန် ကြံခဲ့ရာမှ သူ့မိဘများထံသို့ အသိပေး တိုင်ပင်စာ ရေးလိုက်၏။
သူ့မိဘများက စာပြန်ခဲ့သည်မှာ........၊
“မင်းလက်ထပ်တော့မယ်ဆိုလို့ ငါတို့ပြောမပြနိုင်လောက်အောင် ၀မ်းသာသွားတယ်၊ အိမ်ထောင်သည်ဘ၀ရဲ့အံ့သြစရာအကောင်းဆုံး ပျော်ရွင်မှုသုခတွေကို မင်း ခံစားရတော့မယ်လေ၊ ငါနဲ့မင်းအမေရဲ့ အိမ်ထောင်ရေးကို ပြန်ကြည့်လိုက်တော့လည်း တကယ့်ကို ဂုဏ်ယူစရာကောင်းလောက်အောင် ဘက်ညီပြီး အဆင်ပြေသာယာခဲ့တာ တွေ့ရတယ်၊ အဖက်ဖက်ကကြည့်ရင် မင်း လက်ထပ်တာ မှန်ပါတယ်၊ မင်းတို့ကို တို့လင်မယားက ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်၊ မင်းဘ၀တစ်သက် အပျော်ရွင်ဆုံး နေ့တစ်နေ့ဖြစ်ပါစေ”

ဖေဖေဂျုန်း

စာကြွင်း။ ။ခုပဲ ဒီစာရေးခိုင်းပြီး မင်းအမေ အခန်းအပြင်ထွက်သွားတယ်၊ ဟေ့ကောင်........မိန်းမမယူနဲ့၊ လူပျိုလုပ်နေဦး၊ ခွေးမသား။

No comments:

Post a Comment