“ဒီနေ့မိုးမရွာပါ”
မိန်းမပျိုတစ်ဦးသည် မြိုးထဲသို့အလည်အပတ်ထွက်ရန် ပြင်ဆင်နေစဉ် မိခင်ဖြစ်သူက…“သမီးက ဘယ်ကိုသွားမလို့လဲကွယ်၊ ရာသီဥတုတွေက ကြည်ကြည်လင်လင်ရှိတာမှ မဟုတ်ဘဲ”
“ဂျင်မီနဲ့ချိန်းထားလို့ပါ မေမေ၊ သူနဲ့လျှောက်လည်ကြမလို့ပါ” “သတိထားနော် သမီး၊ မိုးများရွာမလားမသိဘူး၊ အမေလည်း သမီးအရွယ်တုန်းက သမီးလိုပဲ ချိန်းထားတဲ့ ယောကျာ်းလေသူငယ်ချင်နဲ့ အလည်အပတ်ထွက်လိုက်တာ လမ်းမှာ ရုတ်တရက် မိုးရွာချလိုက်လို့ မိုးအတိတ်စောင့်ရင်း စောင့်ရင်းနဲ့ မိုးစုန်းစုန်းချုပ်သွားတယ်၊ အိမ်ကိုမပြန်ရဲဘဲ သူခေါ်ရာနောက်ကို အမေ တစ်ခါတည်း လိုက်သွားခဲ့တယ်၊ သမီးလည်းအမေ့လိုအဖြစ်မျိုး ကြုတတ်တယ်နော်၊ ဒီနေ့ မိုးလေမကင်းရှင်းဘူး” သမီးဖြစ်သူက ဖြည်းလေးစွာ ပြန်လည်ပြောဆိုလိုက်လေသည်။
“စိတ်ချပါ အမေရယ်၊ ဒီနေရာသီဥတု သာယာမှာပါ မေမေရယ်၊ မိုးမရွာနိုင်ပါဘူး၊ သမီးကိုချိန်းထားတဲ့ ယောကျာ်းကလေးက မိုးလေ၀တဋ္ဌာနကပါ မေမေ” ဟူ၏၊
No comments:
Post a Comment